နေပြည်တော်၊ ဇွန် ၂၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၇/၂၀၂၀ (ဧရာဝတီ)၊ ၄၂/၂၀၂၀ (ရန်ကုန်) နှင့် ၁၉/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှုတို့ကို ကိုဗစ်–၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။